Connect with us

၅၈ နှစ်မြောက် Kachin Revolution Dayမှ KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်း အကျဉ်းချုပ်။

kachin

Myanmar News

၅၈ နှစ်မြောက် Kachin Revolution Dayမှ KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်း အကျဉ်းချုပ်။

Kachin လိုစာမျက်နှာ ၁၀ ခုပါရှိသော KIO ဥက္ကဋ္ဌ မိန့်ခွန်းအား ဘာသာပြန် အကျဉ်းကို တင်ပြရသော်…

မိမိတို့ KIO သည် လက်နက်အားကိုး ၍ တော်လှန်ရေးလုပ်နေသည် မဟုတ်ပဲ ပြည်သူကိုသာအစဉ်အမြဲ အားကိုး၍ ဖိနှိပ်မှုကို တော်လှန်နေသည်မှာ ၅၈ နှစ်တိုင် ပြည့်ခဲ့ပြီဖြစ်သည်။

ပြည်ထောင်စုလွတ်လပ်ရေး ကို ရယူစဉ် ကတည်းက ခေါင်းဆောင်ကြီးများ ချုပ်ဆိုခဲ့သော.ပင်လုံဂတိပျက်ပြယ်ခဲ့သော နိုင်ငံရေး သမိုင်းကြောင်းဖြစ်ပေါ်လာသော..ပြည်တွင်းစစ်ပင်ဖြစ်သည်။

KIO သည် နိုင်ငံရေးပြသာနာကို နိုင်ငံရေးစားပွဲဖြင့်သာ ဖြေရှင်းရန်အစဉ်မြဲလိုအပ်ကြောင်းသိရှိပါသည်။

လက်ရှိ မှာ တော်လှန်ရေး ကာလကြောင့် အောင်မြင်မှုများရရှိသလို တဖက်ကနစ်နာ ဆုံးရှုံးမှုများ တွေ့ရမှာဖြစ်ပါသည်။

တော်လှန်ရသည့် အကြောင်းရင်းမှာလည်း မိမိတို့က ဗမာ အမျိုးသားများကို မုန်း၍မဟုတ်ကြောင်း…အဓိက အာဏာရှင် စနစ်ကို အသက်သွင်းနေသည့် လူတစုကိုသာ ရည်ရွယ်ကြာင်း…ကမ္ဘာ့ သမိုင်းတွင် လည်း ခေတ် အဆက်ဆက်ပြည်သူများက ဒီမိုကရေစီ စနစ်ကို အခြေခံ၍ ပြည်သူများက အာဏာရှင်ကိုတော်လှန်ခဲ့ကြကြောင်း..

အာဏာရှင်ဟူသည်..တိုင်းပြည်တပြည်က တိုင်းပြည်တပြည်ကို ကျွန်ပြုချယ်လှယ်ခြင်း၊လူမျိုးတမျိုးက လူမျိုးတမျိုးကို အနိုင်ကျင့်ခြင်း၊.

မတရားစစ်တပ်အာဏာသိမ်းခြင်း၊ သည့်အပြင် ဘာသာရေး၊လူမှုရေးအသင်းအဖွဲ့တို့တွင်လည်း..အချို့တို့တွင်လည်း အာဏာရှင်ဆန်ဆန် တွေ့မြင်ရသည့် အခါ ပြည်သူ့အင်အားဖြင့် တွန်းလှန်တော်လှန်ရစမြဲဖြစ်၏။

နိုင်ငံရေး တွင် မိမိတို့ KIO အဖွဲ့စည်းသည် ပြည်သူတို့ လိုလားနေသော စစ်မှန်သည့် ဖက်ဒရာယ်စနစ်ကိုသာ ဖော်ဆောင်နေသည်ဖြစ်၍ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ၂၀၀၈ အခြေခံဥပဒေစည်းဝိုင်း ကို ကျော်လွား၍ ဆောင်ရွက်နေရသည်ကို မြင်တွေ့ရမှာဖြစ်သည်။

နိဂုံး အနေဖြင့်..ပြည်ထောင်စု အတွင်း အတူလက်တွဲယှဉ်တွဲ ရှင်သန်ရေးအတွက် မိမိတို့KIO က ဆောင်ရွက်ရာတွင် ဌာနေတိုင်းရင်းသား များက အတူတကွ လက်တွဲရေးဆွဲထားသောပြည်နယ် /တိုင်း.အခြေခံဥပဒေသစ် ဖြင့် နိုင်ငံတော်ကို တည်ဆောက်သွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံး ချုပ် ပြောကြားခဲ့ပါသည်။

Hkun AwngNlam

#Myitkyina News Journal

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Myanmar News

To Top