Connect with us

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း အလှည့်ကျ မူးယစ်တပ်စု

kachin

Myanmar News

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း အလှည့်ကျ မူးယစ်တပ်စု

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း အလှည့်ကျ မူးယစ်တပ်စု ၊တပ်ဆွယ်များတွင် တာဝန်ထမ်းဆောင်နေသော အထူးမူးယစ်တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးများ ဖမ်းဆီး ဆောင်ရွက်မှုများ လုံးဝ ( လုံးဝ) အားနည်းနေကြောင်း ဖားကန့်မြို့နယ်အတွင်း ဖောခြင်းသောခြင်း ဘုံပေါလအော ရောင်းချနေသော မူးယစ်ဆေးဝါးများက သက်သေပြလျှက်ရှိ ။

ဖားကန့်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချနေသော မူးယစ်ရာဇာကြီးများသည် ကချင်ပြည်နယ် မူးယစ်တပ်ဖွဲ့မှူးမှ နေပြည်တော် ရဲချုပ်အထိ ပိုင်နိုင်သည်ဟု မူးယစ်ဆေးဝါး ရောင်းချသူ လက်ခွဲများထံက သိရ ။ အဆိုပါသတင်းသည် ဟုတ်မှန်နိုင်ကြောင်းကို ဒေသနေပြည်သူများက လက်ခံလျှက်ရှိ၏ ။ ၄.၂.၂၀၁၈ နေ့က နန့်တိန်း စစ်ဆေးရေး ဂိတ်တွင် သိန်းပေါင်း နှစ်သောင်းကျော် တန်ဘိုးရှိသည့် မူးယစ်ဆေးဝါးများကို စစ်တပ်က ဖမ်းဆီရမိခြင်းသည် သက်သေပြလျှက်ရှိသည် ။

ထိုနည်းတူ ဖားကန့်ဒေသတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော မူးယစ်အထူး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးရမိမှု မှတ်တမ်းများကို ဆန်းစစ်ကြည့်လျှင်လည်း သိနိုင်ပါသည် ။ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသော ပင်ရင်းလက်ကြီးများနှင့် မူယစ်အထူးတပ်ဖွဲ့ဝင်များ၏ ဆက်ဆံရေးသည် ညီကိုမောင်နှမ သားအဖ ဆက်ဆံရေးထက်ပင် ကောင်းနေကြောင်း မူးယစ်အထူးတပ်ဖွဲ့ ဝင် အရာရှိတစ်ဦးထံမှ သိရသောအခါ မူးယစ်ဆိုသော ပြည်သူ့ ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် မူးယစ်အထူးတပ်ဖွဲ့၏ ဂုသိက္ခာသည် ထိုထိုဤဤ တွေးစရာတွေ ဖြစ်လာပါတော့သည် ။

ငွေသည် အဖွဲ့အစည်းတစ်ခု၏ ဂုသိက္ခာကို တည်ဆောက်ယူ၍မရနိုင်သလို ၊အဖွဲ့အစည်းတစ်ခု၏ ဂုသိက္ခာကို ငွေနှင့် လဲလှယ်ပြီး ကိုယ်ကျိုးရှာ တိုက်ဆောက်ကားစီးကြမည်ဆိုလျှင်ဖြင့် မူးယစ်ဆေးစွဲနေသော ရင်သွေးငယ်များသည် သင်တို့၏ ရင်သွေးငယ်များ အဖြစ် ပြောင်းလဲ ကိုယ်ချင်းစာတတ်မည်ဆိုလျှင် ….

#Zaw Moe Htet

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Myanmar News

To Top