Connect with us

အနုပညာအလုပ် နား ဖြစ်တဲ့အကြောင်း ပြောပြတဲ့ န၀ရတ်

Celebrity

အနုပညာအလုပ် နား ဖြစ်တဲ့အကြောင်း ပြောပြတဲ့ န၀ရတ်

ပရိသတ် က ကိုယ့်ကို တန်ဖိုးထားပေမယ့် အနုပညာ အဆင့်အတန်း တစ်ခု ထိန်းလိုက်တာကြောင့် ရုပ်ရှင်မရိုက် ဖြစ်တော့တာပါလို့ သရုပ်ဆောင် န၀ရတ် က MC သို့ပြောပါတယ်။

“ပရိသတ်တွေကိုလည်း ချစ်တယ် ။ ပြန်ပြီးတော့ ရိုက်ကူးချင်တယ်။ အိမ်မှာလာပြီး သရုပ်ဆောင်ဆို သရုပ်ဆောင်ပြချင်တယ်။ ပိုက်ဆံမရဘူးဆိုရင်တောင် ကိုယ်လိုချင်တဲ့ အရည်အသွေး ကို ရတယ်ဆိုရင် ရိုက်မယ်။ အစ်မတို့ က တန်းတစ်တန်း ကို ထိန်းလိုက်တာပေါ့ ။ ပရိသတ်က ကိုယ့်ကို တန်ဖိုးထားတာ တစ်ခုလေ။ ဒါပေမယ့် ကိုယ်က လျောက်ရိုက်နေရင်လည်း အရည်အသွေးတွေ က တစ်မျိုးဖြစ်ရင် ဖြစ်သွားမယ်။ ကြောက်တဲ့အတွက် ပရိသတ် တန်ဖိုးထားတဲ့ နေရာလေးမှာ နေလိုက်တယ်

။ ကိုယ့်ထုတ်လုပ်ရေးတိုက်မှာ ရိုက်ရင် ပြသနာမရှိဘူး။ အမေကလည်း တိုက်ကို ဖျက်ခိုင်းလိုက်တယ် ၊ စိတ်ကုန်သွားပြီ။ ဇာတ်ကားတွေ ရိုက်ရင် သူက အကယ်ဒမီကို လိုချင်တာပေါ့ ။ မရတော့လည်း သူစိတ်ကုန်သွားတာပေါ့ ။ အခုအနုပညာ ပြန်လုပ်ရင် လောလောဆယ် အစအဆုံး ကိုယ်ပဲပင်ပန်းမှာလေ။ ဇာတ်လမ်းတွဲလေးတွေ တစ်နှစ်တစ်ခါ ဆိုရင်ပြန်ရိုက်ပေးချင်တယ်။ ပိုက်ဆံအတွက်တော့ မဟုတ်ဘူး။ ပရိသတ် အတွက် သီးသန့်ပေါ့ ။ ပရိသတ်တွေ ပိုက်ဆံမပေးပဲ ကြည့်လို့ရမယ့် ဇာတ်လမ်းတွဲလေးဆိုရင် အစ်မက လုပ်ပေးမှာပါ” လို့ သူမ က MC သို့ပြောပါတယ်။

By Myanmar Celebrity

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Celebrity

To Top