Connect with us

G-Dragon စစ်မှုထမ်းသွားပြီ

World News

G-Dragon စစ်မှုထမ်းသွားပြီ

ပရိသတ်တွေရဲ့ အချစ်တော် G-Dragon ကတော့ စစ်မှုထမ်းတာဝန်တွေကို ဖေဖော်ဝါရီ (၂၇)ရက်နေ့မှာ စတင်ပြီး ထမ်းဆောင်ပါပြီ။ BIGBANG  အဖွဲ့ထဲမှာဆိုရင် စစ်မှုထမ်းတာဝန်တွေကို ထမ်းဆောင်တဲ့ ဒုတိယမြောက် အဖွဲ့ဝင်ပါ။

ဖေဖော်ဝါရီ (၂၇)ရက်နေ့က Gangwon ပြည်နယ်၊Cheorwon ခရိုင်မှာရှိတဲ့ 3rd Infantry Division တပ်သားသစ်  လေ့ကျင့်ရေးစင်တာကို သွားခဲ့တာပါ။စစ်မှုထမ်း မသွားခင်တုန်းက  Bigbang အဖွဲ့ဝင်တွေ၊Yang Hyun Suk ၊တခြားသူငယ်ချင်းတွေနဲ့ အတူတူ တွေ့ဆုံ ခဲ့ ပါသေးတယ်။ G-Dragon စစ်မှုထမ်းသွားမယ့် နေ့မှာပဲ Yang Hyun Suk  က ဓါတ်ပုံနှစ်ပုံတင်ခဲ့ပါတယ်။အဲ့ဒီပုံရဲ့ caption မှာတော့… “……” လို့ ရေးထားပါတယ်။

G-Dragon ကတော့ လေ့ကျင့်ရေးစခန်းမှာ သီတင်းပတ် ငါးပတ်ကြာ လေ့ကျင့်မှုတွေ ခံယူသွားမှာပါ။ လေ့ကျင့်မှုတွေ ပြီးမှ တာဝန်တွေ စပြီး ထမ်းဆောင်မှာပါ။ မိန်းကလေးပရိသတ်တွေရဲ့ အသည်းတခြမ်း G-Dragon ကတော့ (၂၀၁၉) ခုနှစ် နိုဝင်ဘာ (၂၆)ရက်နေ့ရောက်မှသာ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးမှာဖြစ်ပါတယ်။

From Soompi /Cele

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in World News

To Top