Connect with us

Justin Bieber ရဲ့မွေးနေ့အတွက် surprise အကြီးစားပြင်ဆင်နေတဲ့ Selena

Myanmar News

Justin Bieber ရဲ့မွေးနေ့အတွက် surprise အကြီးစားပြင်ဆင်နေတဲ့ Selena

Justin ကတော့ မတ်လ(၁)ရက်နေ့မှာ အသက်(၂၄)) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီမွေးနေ့ပွဲကတော့ Selena နဲ့ပြန်လည်ပေါင်းဖက်ပြီး ပထမဆုံးအကြိမ်အဖြစ်ဖြတ်သန်းရတဲ့ မွေးနေ့လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်မွေးနေ့ကတော့ Justin အတွက် ပျော်စရာအကောင်းမွေးနေ့ပွဲဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

ဘာကြောင့်လဲဆိုတော့  Selena ဟာ Justin ရဲ့ မွေးနေ့အတွက် ရိုမန်တစ်ဆန်ပြီး ရင်ခုန်စရာကောင်းတဲ့ surprise အကြီးစားကို ပြင်ဆင်နေလို့ဖြစ်တယ်ဆိုတဲ့ အကြောင်းကို Selena နဲ့ ရင်းနှီးတဲ့ အတွင်းသိ တစ်ယောက်ကနေ ပြောပြခဲ့တာဖြစ်ပါတယ်။”Selena ကတော့ Justin ရဲ့ မွေးနေ့အတွက် surprise ပါတီတစ်ခုပြုလုပ်ပေးဖို့ Justin ရဲ့သူငယ်ချင်းတွေနဲ့ တိုင်ပင်နေပါတယ်။”လို့လည်း ပြောပြခဲ့ပါတယ်။ အတွင်းသိရဲ့ပြောပုံအရတော့ Selena ဟာ Justin အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ မွေးနေ့ပါတီကို ကျင်းပပေးဖို့အတွက် Justin ရဲ့ မန်နေဂျာနဲ့ သူ့မိဘတွေကိုတောင် အကူအညီသွားတောင်းခဲ့ပြီးပြီလို့သိရပါတယ်။

 

မွေးနေ့ပွဲပြီးတဲ့နောက်မှာလည်း Justin နဲ့အတူ နှစ်ယောက်တည်းသီးသန့် ရိုမန်တစ်ဆန်ဆန် အချိန်ကို ဖြတ်သန်းနိုင်ဖို့အတွက် Selena ကပြင်ဆင်လျက်ရှိပါတယ်လို့ ၄င်းက ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။ Selena က Justin အတွက် ဘယ်လို surprise တွေလုပ်ပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲနော်။

 

Source: cele

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Myanmar News

To Top