Connect with us

လိုချင်တဲ့ယောက်ျားလေးပုံစံပြောပြခဲ့တဲ့ ပန်းရောင်ခြယ်

Myanmar News

လိုချင်တဲ့ယောက်ျားလေးပုံစံပြောပြခဲ့တဲ့ ပန်းရောင်ခြယ်

အဆိုတော်ကြီး ဂရေဟမ်ရဲ့ ချစ်ရသော သမီးချောချောလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ သူ့ရဲ့ မိဘတွေက သူငယ်ချင်းလိုပေါင်းသင်း လို့ရတာကြောင့် ဘယ်ကိစ္စမဆိုတိုင်ပင်ဖြစ်တယ်လို့ သိရပါတယ်။ အချစ်ရေးအကြောင်းလည်းတိုင်ပင်ဖြစ်မှာဆိုတော့ ပန်းရောင်က ဘယ်လို ယောက်ျားလေးမျိုးကို  စဉ်းစားဖြစ်မလဲဆိုတာ Duwun Media ကနေပြောပြခဲ့ပါတယ်။

” ဖေဖေရော၊မေမေရောက ပန်းရောင်တို့ ညီအစ်မနှစ်ယောက်စလုံးကို သူငယ်ချင်းလိုပဲ ပေါင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောပြလို့ရတယ်၊ တိုင်ပင်လို့ရတယ်ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကအစ တိုင်ပင်လို့ရတယ်၊ အချစ်ရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပဲဆိုတော့ ကောင်းတာရော မကောင်းတာရော သေချာပြောပြပေးတယ်။ ဘာပဲဖြစ်ဖြစ်တိုင်ပင်လို့ရတာကြောင့် ပန်းရောင်ကံကောင်းတယ်လို့ထင်တယ်” လို့ ဆိုပါတယ်။

ဘယ်လိုယောက်ျားလေးမျိုးလိုချင်တယ်ဆိုတာ သိပ်တော့ မစဉ်းစားတတ်ဘူးလို့ဆိုပါတယ်။

‘ ဘယ်လိုယောက်ျားလေးပုံစံကြိုက်သလဲဆိုတာတော့ ပန်းရောင် တစ်ခါမှ မစဉ်းစားဖူးပါဘူး။ အဓိက ကတော့ စိတ်ထားဖြူစင်ရမယ်ပေါ့နော် ပြီးတော့ မိသားစုကိုရော၊ သူများတွေကိုရော ချစ်တတ်နေရမယ်။ အဲ့ဒီလောက်ပါပဲ ပန်းရောင် သိပ်မစဉ်းစားတတ်ဘူး” လို့ သူက ဆိုပါတယ်။

အဆိုတော်ပန်းရောင်ခြယ်ကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းမျက်နှာဖုံးရဲ့ Cover Star အဖြစ်ရိုက်ကူးနေတာဖြစ်ပါတယ်။ မကြာခင်မှာ လည်း သူ့ရဲ့ တစ်ကိုယ်တော်အခွေကို ပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မယ်လို့ ဆိုပါတယ်။

Cele

Photo: ပန်းရောင်ခြယ်ဖေ့စ်ဘုတ်

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Myanmar News

To Top