Connect with us

မိကျောင်းကြီးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတဲ့ အင်ဒိုနီးရှားမိသားစု

World News

မိကျောင်းကြီးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတဲ့ အင်ဒိုနီးရှားမိသားစု

အိမ်မွေးတိရစ္ဆာန်တွေ အများကြီးရှိတဲ့ အထဲကမှ အင်ဒိုနီးရှားမိသားစုတစ်စုကတော့ မိကျောင်းကိုမှ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားပါတယ်။ မိကျောင်းပိုင်ရှင်ရဲ့ နာမည်ကတော့ Irwan ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား၊ Borgor မြို့မှာ နေထိုင်ပါတယ်။ မိကျောင်းကိုတော့ လွန်ခဲ့တဲ့ နှစ်(၂၀)ကတည်းက ငါးဖမ်း မားတွေဆီကနေ ယူလာခဲ့တာပါ။

ငါးဖမ်းသမားတွေက မိကျောင်းကို သတ်တော့မယ့် အချိန်မှာ Irwan က ကယ်လာခဲ့တာပါ။ အဲဒီတုန်းက မိကျောင်းရဲ့ အရွယ်အစားဟာ (၃၀)စင်တီမီတာပဲ ရှိသေးပေမယ့် အခုတော့မိကျောင်းရဲ့ အရွယ်အစားဟာ အရှည် ပေ(၂၀) ရှိနေပါပြီ။ မိကျောင်း ကိုတော့ Kojek လို့ နာမည်ပေးထားပါတယ်။

“ကျတော် အရမ်းသနား သွားတယ်ဗျာ ဒါကြောင့် ငါးဖမ်းသမားတွေဆီကနေ ပိုက်ဆံနဲ့ ၀ယ်လာခဲ့တာပါ..” လို့ Irwan ကပြောပါတယ်။“ဒီလိုနဲ့ပဲ သူ့ကို မွေးထားရင်း သူက ကျွန်တော်တို့ရဲ့ မိသားစုဝင်တစ်ယောက် အလိုအလျောက် ဖြစ် လာတော့တာပဲ..ကျတော့်မိသားစုကလည်း သူ့ကို အနှောင့်အယှက်တစ်ခုလို့ မမြင်ကြပါဘူး..” လို့ ပြောခဲ့ပါတယ်။

မိကျောင်းကြီးကိုတော့ Irwan တို့ခြံနောက်ဖေးက  မြောင်းသေးသေးလေးထဲမှာ ထည့်မွေးထားတာပါ။ အတူနေလာတဲ့ နှစ်(၂၀)အတွင်းမှာတော့ မိကျောင်းကြီးက လူတွေကို အန္တရာယ်ပြု၊ခြိမ်းခြောက်တဲ့ အရိပ်အယောင်မျိုး လုံးဝ မရှိခဲ့ဖူး လို့ သိရပါတယ်။

“သူနဲ့အတူ နှစ်(၂၀)လောက်နေလာတော့ မိကျောင်းဆိုပေမယ့် သူကလည်း ကျတော့်အပေါ် သူငယ်ချင်းတစ်ယောက်လို့ သဘောထားပုံရပါတယ်…”လို့ Irwan ကဆိုပါတယ်။ သူကတော့ သူ့မွေးထားတဲ့ မိကျောင်းက အတူနေလာတဲ့ သက်တမ်းတစ်လျောက်မှာ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးကြောင်းနဲ့ သူ့ရဲ့ ကလေး(၃) ယောက်ကဆိုရင် မိကျောင်းနဲ့ ကစားပေမယ့် မိကျောင်းက ကလေးတွေအပေါ် အန္တရာယ်ပြုမလားဆိုတဲ့ စိုးရိမ်စိတ်မျိုး လုံးဝမရှိဘူးလို့ ဆိုပါတယ်။

“ကျတော် သူ့ကို ငါးဖမ်းသမားရဲ့ သားဆီကနေ ခေါ်လာခါစတုန်းက အကိုက်ခံခဲ့ရဖူးပါတယ်။ လက်ကိုပါ။ အဲ့ဒီနောက်ပိုင်းတော့ လုံးဝ မကိုက်ပါဘူး …ကြောင်တစ်ကောင်ကိုတော့ တခါဆွဲဖူးပါတယ် …ကြောင်ကလည်း Kojek (မိကျောင်း)ရှေ့သွားပြီး စပ်စုနေခဲ့တော့ …ဆွဲလိုက်တာပါ..ရုတ်တရက်ဆိုတော့ တစ်ချက်လေးပဲ ဆွဲလိုက်တာပါ ကြောင်ကတော့ သေသွားတယ်..” လို့ ပြောပါတယ်။

လတ်ဆတ်တဲ့ငါးကို ကြိုက်တယ်။ တစ်ပတ်ကို ရေတစ်ကြိမ် ချိုးပေးရတယ်။ သွားပါတိုက်ပေး ရပါတယ်။ အဲဒါတွေက လွဲရင်တော့ တခြားထူးထူးခြားခြား စောင့်ရှောက်ပေးရတာမျိုး မရှိဘူးလို့  သိရပါတယ်။ ကန်ညစ်ပတ်နေရင်တော့ ရေလဲပေး၊ကန်သန့်ရှင်းပေးတာမျိုးကိုတော့ တစ်ပတ်တစ်ကြိမ်လောက် လုပ်ပေးရတယ်လို့ Irwan ကပြောပါတယ်။

မိကျောင်းနဲ့ နှစ်(၂၀)လောက် အတူနေလာတဲ့ သူတို့မိသားစုကတော့ အများအမြင်မှာ ထူးခြားတဲ့ မိသားစုတစ်ခုအဖြစ် ဖြစ်နေပါတယ်။ သူတို့အိမ်ကိုလာပြီး ဧည့်သည်တွေက မိကျောင်းလာကြည့်တာ၊ ဓါတ်ပုံရိုက်တာတွေ လုပ်လေ့ရှိပါတယ်။ တစ်ချို့ကတော့ ဒီမိကျောင်းဟာ တစ်ချိန်ချိန်မှာ သူတို့မိသားစုကို အန္တာရယ်ပြုလိမ့်မယ်လို့ ပြောကြတာတွေလည်း ရှိကြောင်း insideedition မှာဖော်ပြထားပါတယ်။

Ref; .insideedition

Credit: Shwemoon

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in World News

To Top