Connect with us

သင့်ဘဝကောင်းမွန်ချင်ရင်

Education

သင့်ဘဝကောင်းမွန်ချင်ရင်

သင့်ဘဝကောင်းမွန်ချင်ရင်

———————————–

ကောင်းမွန်တဲ့အရာတွေကိုပဲ အချိန်တိုင်းသင်တွေးနေရင်

သင့်ရဲ့စိတ်ခံစားမှုတွေ ကောင်းမွန်လာမယ်…

သင့်စိတ်ခံစားမှု ကောင်းမွန်လာရင် သင့်အပြောအဆိုတွေကောင်းမွန်လာမယ်…

သင့်အပြောအဆို ကောင်းမွန်လာတာနဲ့အမျှ သင့်လုပ်ရပ်တွေ ကောင်းမွန်လာမယ်….

သင့်လုပ်ရပ် ကောင်းမွန်လာတာနဲ့အမျှ သင့်အကျင့်တွေ ကောင်းမွန်လာမယ်…

သင့်အကျင့်တွေ ကောင်းမွန်လာရင် သင့်ဘဝကြီး ကောင်းမွန်လာမယ်…

ကိုယ့်ဘဝကို တိုးတက်ချင်တယ် ကောင်းမွန်ချင်တယ်ဆိုရင် ကိုယ်ရဲ့အတွေးတွေကို အရင်ပြုပြင်ပြောင်းလဲပါ။

ပြီးတော့ အမြင့်ကို တက်ဖို့အတွက် သင့်ကိုဆွဲချထားတဲ့ အရာတွေကို စွန့်လွှတ်ပါ။

၁။ ငြီးငြူုခြင်း။

အခက်အခဲနဲ့ကြုံတွေ့တိုင်း မငြီးငြူပါနဲ့။ အခက်အခဲဆိုတာ သင်လိုချင်နေတဲ့အောင်မြင်မှုဆီကို ရောက်အောင်ပို့ဆောင်ပေးမယ့် လှေခါးထစ်တွေပါ။ အခက်အခဲတွေ့ရင် ဝမ်းသာလိုက်ပါ။ ပြီးတော့ ရဲရဲနင်းတက်ပြီး လှမ်းလာခဲ့ပါ။

၂။ အပြစ်တင်ခြင်း။

ပြဿနာနဲ့ကြုံလာတိုင်း

သူတပါးကို အပြစ်မတင်ပါနဲ့။ အကြောင်းအရာပေါ်မှာလည်း အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ပါနဲ့။ အပြစ်တင်ခြင်းဆိုတာ သင့်ကိုအနှုတ်လက္ခဏာ ဖြစ်စေပြီး သင့်ရဲ့ စွမ်းအားတွေကိုကျဆင်းစေပါတယ်။ အကြောင်းအရာတိုင်း လုပ်ငန်းတိုင်း နယ်ပယ်တိုင်းမှာ ပြဿနာဆိုတာ မပါမဖြစ် တွဲပြီးပါလာတဲ့ အရာပါ။ အမှန်တကယ်တော့ ပြဿနာဆိုတာ သူ့ဘာသူပေါ်လာပြီး သူဘာသူပျောက်သွားတဲ့ ဖြစ်စဉ်တစ်ခုပါ။ အဲ့ဒီဖြစ်စဉ်ကို ကျွန်တော်တို့ ဘယ်လို တုံ့ပြန်တာလဲပေါ် မူတည်ပြီး အကောင်းအဆိုးဆိုပြီး ကွဲပြားသွားတာပါ။ သင်ကောင်းတာတုံ့ပြန်ရင် ပြဿနာက သင့်ကို ကောင်းကျိုးဖြစ်စေပြီး သင်ဆိုးတာတုံ့ပြန်ရင် ပြဿနာက သင့်ကို အဆိုးတွေပဲပေးပါလိမ့်မယ်။

၃။ အကြောင်းပြချက်။

အောင်မြင်ချင်သူတယောက်ဟာ အကြောင်းပြချက်ကို အပြီးတိုင်စွန့်လွှတ်သင့်ပါတယ်။ အကြောင်းပြချက်ဆိုတဲ့ စကားလုံးဟာ သင့်ဘဝထဲ ကောင်းမွန်တဲ့အရာအားလုံး ဖြစ်မလာအောင် တားဆီးထားတဲ့ ပင်မအကြောင်းအရာပဲ ဖြစ်ပါတယ်။ သင်ဘာလုပ်ချင်ချင် သင်ဘာဖြစ်ချင်ချင် အဲဒီအရာတွေ မလုပ်ဖြစ်အောင် သူက သင့်ကို ပိတ်ပင်တားဆီးလိမ့်မယ်။ ဒါကြောင့် အကြောင်းပြချက်ဆိုတဲ့ စကားလုံးကို အပြီးတိုင် လမ်းခွဲဖို့ လိုပါတယ်။

ပြီးရင် ကိုယ်ဖြစ်ချင်တဲ့အရာကို ထင်ထင်ရှားရှားသိပါစေ။

အဲဒီအရာကို ကိုယ်တကယ်ပိုင်ဆိုင်ရမယ်လို့ အပြည့်အဝယုံကြည်ပါ။ နေ့စဉ်နေ့စဉ် မနက်အိပ်ရာနိုးတိုင်း ငါလုပ်နိုင်တယ်လို့ ကိုယ့်နှလုံးသားတည့်တည့် စိုက်ထိုးပြီး နှုတ်ကနေရေရွတ်လို့ ကိုယ့်ကိုယ်ကိုယ် ဂတိပေးပါ။

တစ်ရက် တစ်မနက် ပြောင်းလဲလိုက်ရုံနဲ့ သင့်ဘဝကြီးပြောင်းလဲမှာ မဟုတ်ပေမယ့် နေ့စဉ်ဆုံးဖြတ်ချက်ချပြီး သတိတရားလေးနဲ့ ပြောင်းလဲသွားမယ်ဆိုရင် နောက်နှစ်ဒီလိုအချိန် ရက်ပေါင်း ၃၆၅ရက်ပြည့်ပြီးနောက် ၃၆၀ ဒီဂရီ လည်သွားသလို သင့်ဘဝကြီးကလည်း ခုလက်ရှိရဲ့ အကျင့်စာရိတ္တ အပြောအဆို အရည်အချင်း ငွေရေးကြေးရေး စတာတွေအားလုံးနဲ့ ပြောင်းပြန် တိုးတက်ပြောင်းလဲသွားမှာပါ။ သင်မဟုတ်တော့တဲ့ နောက်ထပ်ကောင်းမွန်တဲ့ လူသားတစ်ယောက်ကို သင်ကိုယ်တိုင် ဖန်ဆင်းပေးလိုက်သလိုပါပဲ။

တကယ့်လက်တွေ့မို့ ယုံယုံကြည်ကြည် လုပ်စေချင်ပါတယ်။

ကိုလတ်

Credit to ကိုလတ်

Copy from ဘဝခွန်အား

Photo;credit

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Education

To Top